Friday, August 24, 2007

ဒို့ နှစ်ယောက်အကြောင်း

ကိုယ်တို့တတွေ ရာသီတစ်ခု ပွင့်လင်းသလို

လင်းလင်းထင်ထင် ပွင့်လင်းခဲ့ကြဖို့ကောင်းတယ်

လွဲမှားခဲ့သော . . .

ညှိနှိုင်းမရသော ပြဿနာများ . . .

အဆင်မပြေသလို မီးစင်ကြည့်ကလိုက်ကြ

ကျောက်ရုပ်တွေလို မတ်မတ်ကြီး

တွေဝေနေဖို့ မသင့်ဘူး

ဘ၀ဟာ ဘ၀ပဲ

ချော်လဲရောထိုင် ဘဝ

တစ်ကိုယ်တည်းရှင်သန်ဖို့ ဆိုတာ

ထင်သလောက်မလွယ်ဘူး . . .

ရေဆာချိန်မှာ ရေပဲလိုချင်ခဲ့တယ်

မြင်နိုင်မယ့် အလင်းတံခါးတွေကို ဖွင့်ထားလိုက်ပါ

ရေခဲမြစ်တွေ အရည်ပျော်တယ်

ကမ္ဘာကြီး ပူနွေးလာတယ်ဆိုပဲကွယ့် . . .

အဲလိုဆို ဒို့လည်း နွေးထွေးသင့်တယ်

စိတ်တွေ ဆန်ကာပေါက်လို

အပေါက်ပေါက်နဲ့

ရင်ဘတ်ထဲ ချော်ရည်မြစ်တစ်စင်း

အလျားလိုက် စီးဆင်းခဲ့ပြီ . . . ။

ဇော်လွန်း(ရွှေတောင်)

2007 Sep ( ဖြစ်ရပ်မှန် စုံထောက် မဂ္ဂဇင်း “စုံထောက် ပွင့်သစ် ကဗျာကဏ္ဍ" )

blogger မိတ်ဆွေများ ကို ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ဇော်လွန်း(ရွှေတောင်) ဆိုတာ ကျွန်တော်နှင့် အတူ ရင်ခုန်သံချင်းထပ်တူကြပြီး အသည်းကို အကြိမ်ကြိမ်အခွဲခံရဲသော အာဂ ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်။ သူကိုလည်း အားပေးကူညီ ဝေဖန်အကြံပြုပေးကြပါဦးလို့ . . .

No comments: