Friday, August 24, 2007

ခေတ်

ခေတ်ကိုက ရယ်ဒီမိတ်ခေတ်
ပြောရင်ဆွဲဆန့်သလောက်ရှည်မယ်
စိန်ခေါ်သံပြာနှမ်းနှမ်းထဲ
ထဲထဲဝင်ဝင် စီးပျော်ခဲ့ကြ
ရင်ဟာတစပြင်လို
အကွပ်ဘောင်မဲ့တယ် . . .
ခေတ်ရဲ့ကွာဟမှုက ကျွန်တော်နဲ့
မဟပ်စပ်ခဲ့ဘူး
ကျွန်တော် မျက်နှာသေနဲ့
ကျိုးကျိုးနွံနွံ ရိုးသားခဲ့ပါတယ် . . . ။ ။

ဇော်လွန်း (ရွှေတောင်)
10 Nov 2005
PM 10:10 ( THUR )

No comments: